အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ခြေ (၇၂) အိမ်စာအတွက် မွေးနေ့မှာ မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ မေခလာ

ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။မေခလာရဲ့ချစ်ခင်ပွန်း ကိုရန်ကျော်ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေကြတာဖြစ်ပြီး အားလုံးကအားကျနေရတာပါနော် ။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

အလှူအတန်းတွေဆိုရင်လည်း မကြာခဏပြုလုပ်လေ့ရှိရာ ဒီနေ့မှာလည်း မွေးနေ့အမှတ်တရအနေနဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီအလှုလေးကတော့ ခုလိုကာလမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစုတွေကိုသွားရောက်ကာ အိမ်ခြေ (၇၂) အိမ်စာအတွက် တစ်အိမ်ကို သုံးသောင်းကျပ်နှုန်းလှူဒါန်းခဲ့ပါတယ်။အလှူလေးနဲ့ပတ်သက်ပြီးလည်း ” ကိုယ့်မွေးနေ့ရောက်တိုင်း အလှုတခုတော့လုပ်လေ့ရှိပါတယ် ဒီနေ့ ဒီနှစ်မှာ အရင်နှစ်တွေကလို မလှုနိုင်ခဲ့ပါဘူး ဒါပေမဲ့ ခက်ခဲဆင်းရဲစွာနဲ့နေနေရတဲ့မိသားစု့လေးတွေဆီအရောက်သွားခဲ့ပါတယ် အိမ်ခြေ၇၂အိမ် တအိမ်၃သောင်းလှုနိုင်ခဲ့ပါတယ် တချို့ အိမ်လေးတွေနဲ့အမှတ်တရမရိုက်ဖြစ်ခဲ့ဘူး အားလုံးအဆင်မပြေနေကြတဲ့အချိန်ကိုယ့်ထက်အဆင်မပြေတဲ့ မိသားစုတွေကြည့်ရင်း ဝမ်းနည်းမျက်ရည်ဝဲမိတယ် ” ခုလိုရေးသားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – May Khalar