မိခင်ဖြစ်သူရဲ့မွေးနေ့မှာ ကျိုက်မရော ဆရာတော်ကြီးဆီ ဆွမ်း ၊ သင်္ကန်းနဲ့ ဝတ္တူငွေများ ကပ်လှူကာ ကုသိုလ်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မိခင်ဖြစ်သူရဲ့မွေးနေ့အမှတ်တရအနေနဲ့ ကျိုက်မရော ဆရာတော်ကြီးဆီမှာ ဆွမ်း ၊ သင်္ကန်းနဲ့ ဝတ္တူငွေများကပ်လှူကာကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ကျိုက်မရော ဆရာတော်ကြီးဆီမှာ အမေ့ မွေးနေ့ အလှူအဖြစ် ဆွမ်း၊ သင်္ကန်း၊ ဝတ္တူငွေ ကပ်လှူခဲ့ပါတယ်…ခုနှစ်ရက်သားသမီးများ အားလုံး ကပ်ရောဂါဆိုး ၊ ဒုက္ခဘေးရန် အပေါင်းမှ လွတ်ကင်းကြပါစေလို့ဆရာတော်ကြီးမှ ဆုတောင်း မေတ္တာ ပို့ပေးခဲ့ပါတယ်.ပြုလုပ်သမျှ ကုသိုလ်များ အားလုံးကို ထပ်တူ ကုသိုလ်ပွားများ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်.”ရေးသားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai