မြန်မာအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးအသင်းအတွက် အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ အေးသီတာ

အေးသီတာကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင်  ဇာတ်ပို့အဖြစ် နှစ်ပေါင်းများစွာ ပါဝင်ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။သူမကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူမရဲ့ ချွေးနည်းစာထဲကနေ စေတနာသဒ္ဓါတရားထက်သန်စွာ ပေးကမ်းလှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ 

ဒါ့အပြင်လည်း ပရိသတ်ပြည်သူတွေ သိရှိစေဖို့အတွက် လက်ရှိအခြေအနေနဲ့ သတိစကားလေးတွေကို သူမရဲ့ Facebook Account ထက်မှာ ရေးသားဝေမျှလေ့ရှိပါတယ်။ ဒီနေ့မှာလည်း အေးသီတာက မြန်မာအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးအသင်းအတွက် အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်များစွာကို သွားရောက်လှူဒါန်းပေးကာ ကုသိုလ်ကောင်းမှုပြုခဲ့ပါတယ်။

ယနေ့အလှူနဲ့ပတ်သက်ပြီးအလှူရှင်တွေကိုလည်း ခုလိုဆုတောင်းစာလေးရေးသားဖော်ပြထားပါသေးတယ်။” ဒီနေ့အလှူရှင်ကိုကျော်ဝင်းထွန်း မဖူးပွင့်ခိုင်တို့က လိုအပ်နေရာမှာ လှူဒါန်းပေးပါဆိုလို့ဝင်္ကဘာမြန်မာအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဂေဟာ ရုပ်ရှင်အစည်းအရုံးရှေ့မှာရှိ တနေ့ကိုဆန်တအိတ်နီးပါးကုန်တယ်ဆိုလို့ ဆန်၃အိတ် ဆီ၅ပိသာပုံးတပုံးကြက်ဥ၅ကတ် သက္ကနိမ္မိတာရုံဆရာလေးများကျောင်းကိုဆန်၃အိတ်ဆီ၅ပိသညတပုံးကြက်ဥ၅ကတ်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်ယအလှူရှင်များမတောင့်မတမကြောင့်မကြပြည့်စုံနိုင်ကြပါစေ” စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aye Thida