ဖခင်ရဲ့မွေးနေ့မှာ အနှေးယာဉ်မောင်းနှင်သူဦးကြီးများအား အခြေခံစားသောက်ကုန်များဝေငှကာ ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ စည်ဖြိုး

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် စည်ဖြိုးကိုသိကြမယ်ထင်ပါတယ်နော်။ ခုဆိုရင် စည်ဖြိုးက ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျနေရတာပါနော်။ 

စည်ဖြိုးတို့ ဇနီးမောင်နှံဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတူ ကြိုးစားလုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံကို အားကျချစ်ခင်နေရတာပါနော်။စည်ဖြိုးက သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကြည့်ရှုနိုင်စေရန် အမြဲဖော်ပြလေ့ရှိသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ စည်ဖြိုးတို့ မိသားစုက အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူတွေကို အမြဲတမ်းလိုလို ပြုလုပ်လေ့ရှိတဲ့ စည်ဖြိုးတို့မိသားစုကတော့ အခုတစ်ခေါက်မှာ ဖခင်ဖြစ်သူရဲ့မွေးနေ့အမှတ်တရအနေနဲ့ အနှေးယဉ်မောင်းနှင်သူ ဦးကြီးများကို အခြေခံစားသောက်ကုန်များလှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။အလှူလေးနဲ့ပတ်သက်ပြီးလည်း “Happy Birthday ဖေကြီး ဆိုက်ကားဆရာကြီးများအားလုံးပေးတဲ့ဆုများမိုးလုံးကျော်လို့ သက်တော်ရာကျော်ရှည်ပါစေ”ဆိုပြီးရေးသားထားရာ ပြန်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Si Phyo