စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးတဲက အိမ်ထောင် (၉၁) စုစာကို အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ မှူးသခင်

ခုဆိုရင် (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေ့စဉ်တိုင်း နေထိုင်နေကြရတာပါ။ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

ခုလို ကာလတွေမှာ လက်လုပ်လက်စားပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရတာဖြစ်ပြီး ဒီလိုအခက်အခဲတွေကို တတ်နိုင်တဲ့ ပြည်သူတွေ ဖောင်ဒေးရှင်းတွေနဲ့ အနုပညာရှင်တွေကပဲ နေ့စဉ်တိုင်းလှူဒါန်းကာ ကူညီထောက်ပံ့မှုတွေပေးနေတာလည်းတွေ့မြင်ရပါတယ်။

ဒီလိုအနုပညာရှင်တွေထဲမှာ မှူးသခင်လည်း အပါအဝင်ပါပဲနော် ဒီနေ့မှာလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးတဲက မိသားစုတွေကို အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ပြန်ပါတယ်။အလှူနဲ့ပတ်သက်ပြီးလည်း ဒီနေ့ကျူးတဲမှာနေကြတဲ့မိသားစုတွေကို တစ်အိမ်ထောင်စုကို ဆန်၃ပြည် ဆီ၅၀သားကြက်ဥ၁၀လုံး အားလုံးအိမ်ထောင်စု၈၆စုစာ မှူးတို့နားမှာ အဆင်မပြေတဲ့အိမ်ထောင်စု၅စု အားလုံးအိမ်ထောင် ၉၁ စုစာလှူဒါန်းခဲ့ပါတယ်ရှင့် သူတို့လေးတွေအရမ်းပျော်နေကြတယ်ဆုတွေလဲပေးလိုက်ကြတာအများကြီးပဲ မှူးဆီကိုယုံယုံကြည်ကြည်နဲ့လှူဒါန်းပေးကြတဲ့ အလှူရှင်များအားလုံးကိုလဲအရမ်းပဲကျေးဇူးတင်ပါတယ်ရှင့် မှူးမလှူနိုင်ပေမဲ့ခုလိုအလှူရှင်တွေကိုယ်စား လှူပေးရတာပဲဝမ်းသာပီတိဖြစ်ရပါတယ်ရှင့် မှူးအလှူရှင်လေးတွေအားလုံးဒီထက်မက အလှူရေစက်လက်နဲ့မကွာလှူနိုင်ကြပါစရှင့် အစအဆုံးလှူဖို့လိုက်ကူညီပေးတဲ့မအိတို့ မိသားစုကိုလဲကျေးဇူးအများကြီးတင်ပါတယ်”လို့ရေးသားဝေမျှထားတာဖြစ်ပါတယ်။

Yuan – Cele Zone

Photo – Hmue Thakhin