အေးချမ်းတဲ့ ဘုရားရိပ်မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ပြည်သူတွေအတွက်ဆုတောင်းမေတ္တာပို့သပေးနေတဲ့ ဘေဘီမောင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့်  အားလုံးက ချစ်ခင်နေကြတာပါ။

ဒါ့အပြင်  အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုကာလမှာ  ပြည်သူတွေကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကို ရရာနေရာကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်။အခုလို တတ်နိုင်သလောက်လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလည်းစိတ်ပင်ပန်းမှုတွေ အခက်အခဲတွေရှိနေပေမယ့် အေးချမ်းတဲ့နေရောလေးမှာ ကောင်းမှုကုလိုလ်များကို ပြုလုပ်လျက်ရှိကြောင်း သူရဲ့အကောင့်လေးမှာ ဝေမျှထားတာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” မင်္ဂလာပါနံနက်ခင်းပါ မြတ်စွာဘုရား၏  မေတ္တာဓါတ်ကြောင့် တစ်ကမ္ဘာလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းအေးကြပါစေ မေတ္တာပို့သလိုက်ပါတယ်နော်”ဆိုပြီးရေးသားဝေမျှထားပါတယ်။

Yuan – Cele Zone

Photo – Baby Maung