အနုပညာလောကသားထဲက အကယ်ဒမီများရှင် ဦးသန်းညွန့်(ပန်းသာ) အားလှူဒါန်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဝါရင့်အနုပညာရှင်ကတော့ အကယ်ဒမီခန့်စည်သူပဲ ဖြစ်ပါတယ်နော်။ ဒီလိုကာလမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ချစ်ခင်အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အနုပညာလောကသားထဲက အကယ်ဒမီများရှင် ဦးသန်းညွန့်(ပန်းသာ) အား ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးမှုတွေပြုလုပ်ခဲ့ပြန်ပါတယ်။ အခြေခံစားသောက်ကုန်များနဲ့ ငွေသားများသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အလှူလေးနဲ့ပတ်သက်ပြီးလည်း ” တန်ခူးလပြည့်နေ့အလှူ(၂၆-၄-၂၀၂၁) မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့်သရုပ်ဆောင်ပေါင်းများစွာကို အကယ်ဒမီထူးချွန်ဆုများဆွတ်ခူးရယူပေးနိုင်ခဲ့တဲ့ အကယ်ဒမီများရှင် ဦးသန်းညွန့်-ပန်းသာ(ရုပ်ရှင်လောကသားများကတော့ ချစ်စနိုးနဲ့ ခေါ်ကြတာက ညွန့်ညွန့်) အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အခြေခံစားကုန်များ၊အသီးအနှံများနှင့် ကျန်းမာရေးအတွက် ဆေးကုသစားရိတ်ကို သွားရောက်လှူဒါန်း ကန်တော့ခဲ့ပါတယ်။ ကျန်းမာရေးလည်း သိပ်မကောင်းရှာတော့ပါ။” ရေးသားကာဝေမျှထားပါသေးတယ်။

Yuan – Cele Zone

Photo – Kyaw Soe Win