အလှူရှင်များနဲ့စုပေါင်းကာ အိမ်ထောင်စု (၁၀၀)စာအတွက် စားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ရေဗက္ကာဝင်း

ဒီလိုခက်ခဲတဲ့ကာလမှာ ရပ်ဝေးရပ်နီးက ပြည်သူများစွာဟာ လုပ်ငန်းတာဝန်ကိုယ်စီကို ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပြည်သူအချင်းချင်းကပဲ ပြန်လည်ကြည့်ရှုကာ တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ။

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ထဲမှာ ရေဗက္ကာဝင်းကလည်း အပါအဝင်ပါပဲ။တတ်နိုင်သလောက် လိုအပ်တဲ့နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အလှူရှင်များနဲ့စုပေါင်းကာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်၊ဆီနဲ့ အခြားလိုအပ်တဲ့ အစားအသောက်များကိုလှူဒါန်းခဲ့ပြန်ပါတယ်။ အလှူနဲ့ပတ်သက်ပြီးလည်း ” မြန်မာနှစ်သစ်ကူးအလှူကောင်းမှုအဖြစ် အိမ်ထောင်စု ၁၀၀စာအတွက် စားသောက်ကုန်များဖြစ်တဲ့ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ကြက်သွန်နီ ၁ပိဿ ခေါက်ဆွဲခြောက် ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံးဟင်းခပ်မှုန့် ၂ပါကင် ကြက်အူချောင်း ၂၀သား ပဲကြာဇံ ၁ပါကင် တို့ကို စေတနာရှင်များဖြစ်ကြတဲ့ အနုပညာပိုးသဘက် Shingni Nbat (မြစ်ကြီးနား) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) မင်မင်( Rebecca Win fanclub admin) မသီတာ (LA) မထွေးထွေးစိန် (LA) Nestle Myanmar တို့နဲ့အတူ လိုအပ်နေတဲ့ ပြည်သူများထံ ကုသိုလ်ဒါနပြုခဲ့ပါတယ်ရှင် “ဖော်ပြထားတာဖြစ်ပါတယ်။

Yuan – Cele Zone

Photo – Rebecca Win