၁၉နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ စိတ်ကျန်းမာရေးဆေးရုံအတွက် အလှူငွေများသွားရောက် လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံ

သရုပ်ဆောင်လည်းကောင်းပြီး ပရိသတ်တွေအပေါ်မှာ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ကိုတော့ အားလုံးက ခုချိန်ထိချစ်ခင်နေရတာပါနော် ။ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မခိုင်လေးက အချိန်အတော်ကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းအောင်မြင်နေတာ ယနေ့ထိတိုင်ပါပဲ ။ 

မခိုင်လေးက အနုပညာဘက်မှာ ထူးချွန်သလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူလည်းဖြစ်ပါတယ် ။ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် တက်ညီလက်ညီလှူဒါန်းလေ့ရှိတာကိုလည်းတွေ့ရပါတယ်။ကိုဗစ်ကာလတွေမှာလည်း အလှူအတန်းတွေပြုလုပ်ခဲ့သလို ခုလက်ရှိအခြေအနေတွေမှာလည်း အလှူလေးတွေနဲ့ပါဝင်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါ။

ဒီနေ့မှာကျရောက်တဲ့ သူတို့ဇနီးမောင်နှံရဲ့ (၁၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာလည်း စိတ်ကျန်းမာရေးဆေးရုံကို သွားရောက်ကာ အလှူငွေ (၁၅) သိန်းကျော်ကို လှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Thin Kyi