အမှန်တကယ်ခက်ခဲနေတဲ့ နေရာတွေကိုသွားရောက်ကာ အိမ်ခြေ(၃၀၀)အတွက် စားနပ်ရိက္ခာများလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတအလုပ်တွေကိုပဲ အားရုံစိုက်ကာ ကြိုးစားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ ကာလတွေမှာတောင် ခိုကိုးရာမဲ့ ကလေးလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးကာ သူတို့လေးတွေရဲ့ ကိစ္စအ၀၀မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစာစွာတွေ့မြင်ရပါတယ်။

ဒါ့အပြင် ဒီလိုအခက်အခဲဖြစ်နေတဲ့ အချိန်မှာလည်း ပြည်သူတွေအတွက် စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး လှူဒါန်းမှုတွေကိုတောက်လျှောက် ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။သင်္ကြန်တွင်းမှာလည်း ကောင်းမှုကုသိုလ်တွေများစွာပြုလုပ်ကာ ပြည်သူများအေးချမ်းစေရန်အတွက်လည်း မေတ္တာပို့သကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အခုလည်း အမှန်တကယ်ခက်ခဲနေတဲ့ တောင်ဒဂုံ (၅၆) ရပ်ကွက်နှင့် ရွှေပြည်သာဘက်တို့ကိုသွားရောက်ကာ အိမ်ခြေ(၃၀၀) စာအတွက် ဆန်များသွားရောက်လှူဒါန်းပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ခုလိုစားဝတ်နေရေး ခက်ခဲနေတဲ့ပြည်သူတွေကို လှူဒါန်းရလို့ ဝမ်းသားပီတိဖြစ်မိကြောင်းနဲ့ နေရာအစုံကိုလည်းသွားရောက်လှူဒါန်းဖို့ရှိကြောင်းလေးကိုလည်း ရေးသားဝေမျှထားပါသေးတယ်။တကယ်ကိုလေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai