ကျူးရပ်ကွက်က ကလေး(၇) ယောက်အမေ မုဆိုးမရဲ့ မိုးမလုံအကာမရှိဖြစ်နေတဲ့ အိမ်ဟောင်းလေးကို ပြန်ပြင်ဆောက်ပေးခဲ့တဲ့ ဝေဠုကျော်

ပရဟိတဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးကိုဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူမလုပ်နိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲနော်။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး ကိုယ်တိုင်အရောက်သွားပြီး အကူအညီလိုတဲ့လက်တွေကို အနွေးထွေးဆုံး ဖေးမပေးခဲ့သူတစ်ယောက်ပါ။

ဒီလိုကာလမှာဆိုရင် အကူအညီလိုအပ်နေသူတွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း တောင်ဒဂုံ ကျူးရပ်ကွက်မှာနေထိုင်တဲ့ ကလေး(၇) ယောက်အမေ မုဆိုးမရဲ့အိမ်လေးကို ပြန်ပြင်ဆောက်ပေးကာ ကောင်းမှုကုသိုလ်ပြုခဲ့ပြန်ပါတယ်။

ဒီလိုကူညီဖြစ်ခဲ့ကြောင်းကိုလည်း ” တောင်ဒဂုံ ကျူးက မုဆိုးမ (ယောက်ကျားဆုံးတာ တစ်လပဲရှိသေး) ကလေး ၆ယောက်အမေ  ကိုယ်ဝန်ဆောင်သည် (အခုတော့ ကလေးမွေးလို့ ကလေး ၇ယောက်အမေဖြစ်) မဝါဝါလေး ရဲ့ မိုးမလုံ အခင်းပေါက်ပြဲ အကာမရှိအိမ်ဟောင်းလေးကို မနေ့က အဖွဲ့သားတွေ ဝိုင်းဝန်း ကူညီ ဖျက်ပေးကြပါတယ်။ရဒီနေ့ အိမ်လေး စဆောက်ပါပြီ။ မဝါဝါလေးကတော့ တစ်အိမ်ကျော်က မောင်လေးရဲ့အိမ်မှာ ကလေးမီးဖွားပြီး နေနေပါတယ်။ မိုးရာသီက ရောက်ခါနီး ကျူးရပ်ကွက်တွေထဲ ဆန်ဆီလိုက်လှူပေးရင်း တချို့ကျုးအိမ်လေးတွေလည်း အမိုးအကာ မလုံခြုံတာ အများကြီး တွေ့ခဲ့ရတယ်။အခုကာလကလည်း စားသောက်ဖို့တောင် အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ အသက်ဆက်နေရချိန် အလုပ်အကိုင်ကမရှိရ သည့်ကြား သားသမီးတွေကများ ကျုးအိမ်သေးလေးကိုတောင် လုံခြုံအောင် မမိုးမကာနိူင်။ဒီအိမ်လေးလိုပဲ တချို့ သက်ကြီးဖိုးဖွား ကလေးငယ် ကိုယ်ဝန်ဆောင်သည်တွေရဲ့ မလုံမခြုံ အိမ်လေးတွေအတွက် တတ်နိူင်သလောက်လေး သင့်တော်တယ့်အမိုးအကာတွေ လှူဒါန်းပေးသွားပါအုံးမယ်။ဖောင်ဒေးရှင်းနှင့်အတူ အမိုးအကာတွေ အတွက် ကုသိုလ်ပါဝင်ကြပါအုံးလို့ တိုက်တွန်းနှိုးဆော်ပါရစေ။”ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan- Cele Zone

Photo – Wai Lu Kyaw