ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၄၁)ဦးအတွက် လိုအပ်တာများလှူဒါန်းကာ မွန်မြတ်တဲ့အလှူလေးလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေသူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

ခုလိုကာလမှာလည်း ခိုင်နှင်းဝေကနေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေကြားကနေ သွားရောက်ကာ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။

အခုလည်း ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာက ဘိုးဘွား (၄၁)ဦးအားနေ့လည်စာတစ်နပ်နဲ့ အလှူငွေများ လှူဒါန်းဖြစ်ခဲ့ကြောင်းပုံလေးတွေနဲ့တကွ ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်ဘက် ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့် နေ့လည်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ်ယူခဲ့ပါတယ်ရှင်…ကျမနဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ထပ်တူ ကုသိုလ်ယူနိုင်ကြပါစေရှင်..။ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai