သူငယ်ချင်းတွေနဲ့တစ်ချိန်က အတူတူပျော်ရွှင်ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကိုထုတ်ပြကာ သတိရကြောင်းဆိုလိုက်တဲ့ သန္တာဗိုလ်

သန္တာဗိုလ်ကတော့ သရုပ်ဆောင်အဖြစ်ရော မော်ဒယ်အဖြစ်ပါ အနုပညာလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာလျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားမော်ဒယ်လို့တောင် ထင်မှတ်ရတဲ့ သန္တာဗိုလ်က အမြဲတမ်းလိုလို အမိုက်စားဖက်ရှင်တွေနဲ့ အပြတ်အသတ်လှနေတတ်တာလည်း ဖြစ်ပါတယ်။

သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်ပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေရတဲ့ သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ ပြန်ဆုံချင်မိကြောင်း တစ်ချိန်က ပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရပုံလေးတွေဗီဒီယိုလေးကိုဖော်ပြလာတာတွေ့ရပါတယ်။သန္တာဗိုလ်တို့ သူငယ်ချင်းတွေကတော့ အမြဲပျော်ပျော်နေတတ်သူတွေလည်းဖြစ်တာကြောင့် ဗီဒီယိုလေးကြည့်ပြီး စိတ်မကောင်းမိတာအမှန်ပါပဲ။ပရိသတ်ကြီးအတွက် သန္တာဗိုလ်တို့သူငယ်ချင်းတွေရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Thandar Bo