ကျန်းမာရေးဆိုးဝါးနေရှာတဲ့ ဇာတ်ပို့သရုပ်ဆောင် အဘဦးသက်ဝေအတွက် လိုအပ်တာများနဲ့ အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

အကယ်ဒမီသရုပ်ဆောင် ခန့်စည်သူကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ ဆယ်စုနှစ်တွေမက အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေ များစွာရရှိထားတဲ့ ကိုခန့်ကတော့ ဒီလိုကာလမှာလည်း တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ချစ်ခင်အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း ဆီးချိုကြောင့် ခြေနှစ်ဖက်လုံးဖြတ်လိုက်ရပြီး ကျန်းမာရေးမှာလည်း သိသိသာသာ ဆိုးရွားကာအိပ်ရာထဲလဲနေတဲ့ ကာတွန်းဒဲ့ဒိုး(ခ)ဇာတ်ပို့သရုပ်ဆောင် အဘဦးသက်ဝေအတွက် အစားအသောက်အပါအဝင် လိုအပ်တဲ့ပစ္စည်းများနဲ့ အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။

Yuan – Cele Zone

Photo – Kyaw Soe Win