သင်္ကြန်ရက်လေးမှာ ချစ်ရသူတွေနဲ့ စုပေါင်းပြီး မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်ကြပြီး မထင်မှတ်ထားလောက်အောင် အောင်မြင်မှုတွေကို ရရှိသိမ်းပိုက်ထားတာပါ။

အနုပညာအလုပ်အပေါ်ကို တန်ဖိုးထားလုပ်ကိုင်သူလေး ဖြစ်တဲ့အပြင် သူမချစ်တဲ့ ပရိသတ်တွေကိုလည်းလေးစားကာ ဘာလုပ်လုပ် ပရိသတ်တွေကို ချကြလေ့ရှိတဲ့ မင်းသမီးလေးဖြစ်ပါတယ်။လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

အခုလည်း သင်္ကြန်ရက်လေးမှာ ချစ်ရတဲ့ မိတ်ဆွေတွေ ပရိသတ်တွေနဲ့စုပေါင်းပြီး မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ “မြန်မာ့နွေဦးသင်္ကြန်အကြိုနေ့အမှီ မွန်မြတ်သောအလှူဒါန အတွက်ဝမ်းသာပီတိဖြစ်မိပါသည်.ပါဝင်လှူဒါန်းပေးပါသောမိတ်ဆွေ ရောင်းရင်းများ,အနယ်နယ်အရပ်ရပ်မှစာအုပ်ချစ်သူပရိတ်သတ်များနှင့် Poe Kyar Phyu Khin fans များအားလုံးအထူးကျေးဇူးတင်ရှိပါသည်” စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Poe Kyar Phyu Khin