သင်္ကြန်အကြိုနေ့မှာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ဟိန်းဝေယံ

တည်ကြည်ခန့်ညားတဲ့ပုံစံလေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြွေနေရသူကတော့ သရုပ်ဆောင် ဟိန်းဝေယံပါ။ သူဟာ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆယ်စုနှစ်တွေကျော်အောင်ရိုက်ကူးခဲ့တာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေဆဲပါနော် ။

ဟိန်းဝေယံက ယောကျ်ားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသလို ချိုသာပြေပြစ်တဲ့ စကားပြောဟန်လေးတွေကလည်း ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပါ ။ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ ဟိန်းဝေယံက ဇာတ်ကားတွေအပြင် ရုပ်သံဇာတ်လမ်းတွဲလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းလျက်ရှိရာ ဒီနေ့မှာကျရောက်တဲ့ သြင်္ကန်အကြိုနေ့လေးမှာလည်း မိသားစုနဲ့အတူ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ ကုသိုလ်ကောင်းမှုပြုခဲ့ကြောင်း သူရဲ့အကောင့်လေးမှာ အလှူပုံလေးတွေနဲ့တကွ ” သြင်္ကန်အကြိုနေ့ နေ့ဆွမ်းအလှူ (၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ.. ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ… “ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Hein Wai Yan