ကလပ်ထဲမှာ ခင်သဇင်ကို အနမ်းပေးခဲ့တဲ့ ညိမ်းသော်ရဲ့ ဗီဒီယို

Posted on

ခင်သဇင်တစ်ယောက် သူမရဲ့ခင်မင်ရသူတွေနဲ့အတူ ကလပ်မှာ အပျော်လေးတွေဝေမျှနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့ဘွတ်မိုင်ဒေးမှာတင်ထားတာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာဆိုရင်တော့ ဗီဒီယိုရိုက်နေတဲ့ခင်သဇင်ကို ဘေးက မိန်းကလေးသူငယ်ချင်းက ဆက်တိုက်အနမ်းတွေပေးနေပြီ ညိမ်းသော်ကလည်း နားထင်နားလေးကို တစ်ချက်အနမ်းခြွေ ခဲ့တာဖြစ်ပါတယ်။

အားလုံးအတူတူပျော်နေကြတဲ့အချိန်လေးဆိုတော့ ခင်သဇင်ကလည်း ညိမ်းသော်နမ်းခဲ့တာလေးကို ခပ်ပြုံးပြုံးလေးပဲတုန့်ပြန် ခဲ့ပါတယ်။ မြူးကြွတဲ့ ဒီဂျေသံတွေကြားမှာ အားလုံးကလွင့်မျောနေပြီး အရမ်းကိုမိုက်နေတဲ့အချိန်ဆိုတော့ အပျော်တွေအတူတူ ကူးစက်နေပုံပါပဲနော်။ အောင်မြင်နေကြတဲ့ အနုပညာမောင်နှမတွေမို့ ဖြူစင်တဲ့အနမ်းတစ်ပွင့်က အထူးတလည်တော့ မဟုတ်ခဲ့ပါဘူး။

ချစ်ဖို့ကောင်းတဲ့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ပျော်စရာညလေးကို အမှတ်တရအနေနဲ့ ခင်သဇင်ကတော့ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ လူငယ်တိုင်းမှာပျော်စရာအချိန်တွေအပြည့်ပဲမို့ အတူတူပျော်စရာအချိန်လေးတွေကုန်ဆုံးခဲ့ကြတဲ့ အခိုက်အတန့်လေးကို မှတ်တမ်းတင်ထားတဲ့ နှစ်ယောက်သားရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Khin Thazin / Nyein Thaw
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ကလပ္ထဲမွာ ခင္သဇင္ကို အနမ္းေပးခဲ့တဲ့ ညိမ္းေသာ္ရဲ႕ ဗီဒီယို ”

ခင္သဇင္တစ္ေယာက္ သူမရဲ႕ခင္မင္ရသူေတြနဲ႔အတူ ကလပ္မွာ အေပ်ာ္ေလးေတြေဝမွ်ေနတဲ့ ဗီဒီယိုေလးကို သူမရဲ႕ေဖ့ဘြတ္မိုင္ေဒးမွာတင္ထားတာပဲျဖစ္ပါတယ္။ ဒီဗီဒီယိုေလးမွာဆိုရင္ေတာ့ ဗီဒီယိုရိုက္ေနတဲ့ခင္သဇင္ကို ေဘးကမိန္းကေလးသူငယ္ခ်င္းက ဆက္တိုက္အနမ္းေတြေပးေနျပီ ညိမ္းေသာ္ကလည္း နားထင္နားေလးကို တစ္ခ်က္အနမ္းေျခြခဲ့တာျဖစ္ပါတယ္။

အားလံုးအတူတူေပ်ာ္ေနၾကတဲ့အခ်ိန္ေလးဆိုေတာ့ ခင္သဇင္ကလည္း ညိမ္းေသာ္နမ္းခဲ့တာေလးကို ခပ္ျပံဳးျပံဳးေလးပဲတုန္႔ျပန္ခဲ့ပါတယ္။ ျမဴးၾကြတဲ့ ဒီေဂ်သံေတြၾကားမွာ အားလံုးကလြင့္ေမ်ာေနျပီး အရမ္းကိုမိုက္ေနတဲ့အခ်ိန္ဆိုေတာ့ အေပ်ာ္ေတြအတူတူကူးစက္ေနပံုပါပဲေနာ္။ ေအာင္ျမင္ေနၾကတဲ့ အႏုပညာေမာင္ႏွမေတြမို႔ ျဖဴစင္တဲ့အနမ္းတစ္ပြင့္က အထူးတလည္ေတာ့မဟုတ္ခဲ့ပါဘူး။

ခ်စ္ဖို႔ေကာင္းတဲ့ အႏုပညာေမာင္ႏွမႏွစ္ေယာက္ရဲ႕ ေပ်ာ္စရာညေလးကို အမွတ္တရအေနနဲ႔ ခင္သဇင္ကေတာ့ ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ လူငယ္တိုင္းမွာေပ်ာ္စရာအခ်ိန္ေတြအျပည့္ပဲမို႔ အတူတူေပ်ာ္စရာအခ်ိန္ေလးေတြကုန္ဆံုးခဲ့ၾကတဲ့ အခုိက္အတန္႔ေလးကို မွတ္တမ္းတင္ထားတဲ့ ႏွစ္ေယာက္သားရဲ႕ဗီဒီယိုေလးကို တင္ဆက္ေပးလိုက္တယ္ေနာ္။

Video / Photo – Khin Thazin / Nyein Thaw
Happy – Cele Zone