ဒီရက်ပိုင်းလူမှုကွန်ယက် စာမျက်နှာထက်မှာ ပျောက်နေရတဲ့အကြောင်းကို ​ပြောပြလာတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလိုပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။

တံခွန်ကတော့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူငယ်ပီပီ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ရောကိုယ်ပါနှစ်ပြီး နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆိုရင် အဝေးမှာရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။

ဒီရက်ပိုင်း ရက်တော်တော်ကြာ လူမှုကွန်ယက်စာမျက်နှာထက်မှာ တံခွန်ပျောက်နေတာကြောင့် အားလုံးကစိတ်ပူနေကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ တံခွန်က နေမကောင်းဖြစ်နေတာရက်တော်တော်ကြာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံကြီးအေးချမ်းစေဖို့ဆုတောင်းပေးနေကြောင်းခုလိုရေးသားဝေမျှခဲ့ပါတယ်။” ကျနော် ကျန်းမာရေး မကောင်းဖြစ်နေတာ ရက်တော်တော်ကြာပါပြီ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့ ကျနော် ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်မျာ အားနာစွာနဲ့ပဲ ကျနော့်ကိုလည်း ကျန်းမာရေး အမြန်ဆုံးကောင်းအောင် ဆုတောင်းပေးပါခင်မျာ”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Yuan – Cele Zone

Photo – Paing Takhon