အနွေးထည်ဆင်တူလေးတွေဝတ်ကာ ချစ်စရာကောင်းလွန်းနေတဲ့ သားနဲ့သမီးတွေကိုကြည့်ပြီး ကြည်နူးပီတိချစ်မဝဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်ထားကာ ဗီဒီယို ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို နားထားတာဖြစ်ပြီး ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ရင်း “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ကို ဖွင့်လှစ်ထားကာ စေတနာမေတ္တာအပြည့်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေသူတစ်ယောက်ပါ ။

မိဘမဲ့ ကလေးလေးတွေအတွက် မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးသလို ကလေးလေးတွေရဲ့ ပညာရေး ၊ကျန်းမာရေး စတဲ့ ကိစ္စအ၀၀မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုတွေ့ရပါတယ်နော်။ဒါ့အပြင် အကူအညီလိုအပ်သူတိုင်းအတွက်လည်း အိမ်တိုင်ရာရောက်သွားရောက်ကူညီသလို အားပေးစကားတွေနဲ့လည်း နှစ်သိမ့်ပေးတာကြောင့် မွန်မြတ်တဲ့စိတ်ထားလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီးတစ်ယောက်ပါ။

သူရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိရာ ဒီနေ့မှာတော့ မိုးတွေရွာပြီး ရာသီဥတုအေးတာကြောင့် အနွေးထည်ဆင်တူလေးတွေ ထုတ်ဝတ်ပေးထားကာ ချစ်စရာကောင်းလွန်းနေတဲ့ သားတွေသမီးတွေကို ကြည့်ပြီး ကြည်နူးပီတိ ချစ်ဝမဖြစ်နေကြောင်းပုံလေးတွေနဲ့တကွ ” မိုးအေးလို့ အနွေးထည်လေးတွေ ထုတ်ဝတ်ပြီး လှနေကြတဲ့ လေးတွေ….”ဆိုတဲ့စာလေးကိုဝေမျှထားရာ ကလေးလေးတွေကြည့်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai

error: Content is protected !!