အဆင်မပြေမှုတွေများစွာကြုံတွေ့နေရတဲ့ နယ်ကပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက်ကာ မွန်မြတ်တဲ့အလှူလေးပြုလုပ်ခဲ့တဲ့တိုင်ရွန်

တိုင်ရွန်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကာ အားလုံးနဲ့အတူရပ်တည်နေသူပဲ ဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက တော်လှန်ရေးတိုက်ပွဲကြီးမှာ ရှေ့ဆုံးကနေ မားမားမတ်မတ်နဲ့ တက်ကြွစွာပါဝင်ပြီး လူထုလှုပ်ရှားမှုတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေတဲ့ တိုင်ရွန်ကတော့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်ခြင်းကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။

လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာကြောင့် သူအနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့ပြီး ခုဆိုမိသားစုနဲ့ခွဲခွာကာရှောင်နေရတာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်း တိုင်ရွန်ကိုချစ်လို့ မိသားစုဝင်တစ်ယောက်လို စိုးရိမ်စိတ်ပူခဲ့ကြတာအမှန်ပါပဲ။

ဒါ့အပြင်အခုလိုအခြေအနေဆိုးကြီးမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ နယ်ကပြည်သူတွေဆီကိုကိုယ်တိုင်သွားရောက်ကာ ဆန်၊ဆီနဲ့ အလှူငွေများကိုယ်တိုင်လှူဒါန်းခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” ကျွန်နော်ပျောက်နေတယ် ဟုတ်ပါတယ် လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေကြဘူး ဒီကာလမှာ တချို့ ဆန်ပြုတ်သောက်နေရသူတွေတောင် ရှိတယ် ဆက်ပြီးတောင့်ခံပေးကြလို့လဲ ကျေးဇူးတင်တယ်  ဖြစ်နိုင်ရင် အကုန် ကျွန်နော် အမြဲလှူနေချင်တယ်ဗျာ ဒါပေမဲ့ နိုင်သလောက်လေးနဲ့ ပါဘဲ “ဆိုတဲ့စာလေးကိုလည်းရေးသားထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Tyron Bejay