​အိမ်ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းလေးတွေအတွက် ကိုယ်တိုင်ခူးထားတဲ့ပန်းလေးနဲ့ Flower Strike လှုပ်ရှားမှုမှာ ပါဝင်ဂုဏ်ပြုပေးခဲ့တဲ့ မိစန္ဒီ

ခုဆိုရင် အရှိန်အဟုန်ကောင်းလျက်ရှိနေတဲ့ လှုပ်ရှားမှုကြီးဟာအရင်လိုငြိမ်းငြိမ်းချမ်းချမ်း မရှိတော့ဘဲ ပြည်သူတွေဟာ အန္တရာယ်တွေ အပစ်အခတ်တွေနဲ့ ဖြိုခွင်းခံရမှုတွေကိုရင်ဆိုင်ရလို့ အသက်ဆုံးရှုံးရသူတွေလည်း မနည်းတော့ပါဘူး ။ဒါပေမယ့်လည်း မိမိတို့ယုံကြည်ရာ မျှော်လင့်ချက်တွေအတွက် နောက်မဆုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမရင်း ရှေ့ဆက်လှမ်းနေကြတာပါ။

နေရာတိုင်းမှာ အပစ်အခတ်တွေ ဖြိုခွင်းခံရတာတွေရှိနေတာကြောင့် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်များလာခဲ့ရာ ပြည်သူအားလုံးကစိတ်မကောင်းဖြစ်ကာကြွေကွဲဝမ်းနေကြတာပါ။ဒီနေ့ ဧပြီ(၂)ရက်နေ့လေးမှာတော့ ခုလိုတိုက်ပွဲမှာအသက်ပေးရင်း အိမ်ပြန်မလာနိုင်တော့သူရဲကောင်းလေးတွေကိုရည်စူးပြီး Flower Strike ဆိုတဲ့လှုပ်ရှားမှုလေးကိုနေရာအနှံအပြားရဲ့လမ်းတွေမှာပန်းလေးတွေချရင်းဆုတောင်းဂုဏ်ပြုပေးခဲ့ကြပါတယ်။

အဆိုတော် မိစန္ဒီကလည်းဒီလှုပ်ရှားမှုလေးမှာ ကိုယ်တိုင်ခူးထားတဲ့ပန်းလေးနဲ့ ပါဝင်ခဲ့ကြောင်းခုလိုရေးသားဝေမျှလာပါတယ်။” တချိန်မှာ ပန်းခင်းကြီး ဝေဖို့ အတွက် တချို့ပန်းတွေ ပေးဆပ်လို့ ကြွေ ပေးရတယ် ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းများစွာအတွက် ကိုယ်တိုင်ခူးထားတဲ့ ပန်းလေးတွေနဲ့ ဝမ်းနည်းစွာ ဂုဏ်ပြုဆုတောင်းပန်းလက်ခံရသူတွေ သွေးမြေကျ နှုတ်ဆက်သွားတော့.. ကျန်ရစ်တဲ့သူတွေလည်း .. အသက်ရှင်လျက်နဲ့ စိတ်တွေ ဘဝတွေ သေမလိုပါပဲ.. ပန်းလက်ဆောင် ပေး ဆက်သရသူတွေ မပြုံးနိုင်ပါ.. ဒါပေမယ့် ကျွန်မတို့တွေ အပြန်အလှန် အားပေးကြရင်း ပိုပြီးအားတင်းထားကြမယ်.. ပေးဆပ်ခဲ့သူတွေအတွက် ပိုကြိုးစားကြမယ်.. ပိုစည်းလုံးကြမယ်နော်.အနာဂတ် ကျွန်မတို့ နိုင်ငံကြီး မှာ သွေးချင်းညီအကို မောင်နှမ တိုင်းရင်းသားများ ပိုမို ချစ်ခင်ရင်းနှီးစွာဖြင့် ဖြင့် ပိုမိုအရောင်အသွေးစုံ သော ပန်းများ ပန်းခင်းကြီးများ ပွင့်လန်းဝေဆာစေကြောင်း ဆုတောင်းလျက် “ဆိုတဲ့စာလေးဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါရစေ။

Yuan – Cele Zone

Photo – Mi Sandi