မီးဘေးသင့်အိမ်ထောင်စု (၁၅၁) စာအတွက် အလှူငွေများကောက်ခံကာ လှူဒါန်းပေးခဲ့တဲ့ မအေးသောင်း

ပြည်သူတွေကတော့ ခုဆိုရင် အခက်အခဲတွေ အပစ်အခတ်တွေများစွာကြုံနေရပေမယ့်လည်း ယုံကြည်ချက်အမှန်တရားတစ်ခုတည်းကိုသာစွဲကိုင်ပြီး စိတ်ခွန်အားအပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေပါတယ်။ အနုပညာတွေများစွာကလည်း ရဲရဲဝင့်ဝင့်နဲ့ အမှန်တရားဘက်က ရပ်တည်နေကြပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေကြတာပါ။

ဒီလိုအနုပညာရှင်တွေထဲမှာ မင်းသမီးမအေးသောင်းကလည်းပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ကာ ရရာနေရာကနေ အားတက်သရော ပါဝင်ကူညီအားဖြည့်ခဲ့သူတစ်ယောက်ပါ။

ဒါ့အပြင် ဒီလိုကာလမှာ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကိုလည်း အစားအသောက်များကိုယ်တိုင်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မီးဘေးသင့် အိမ်ထောင်စု (၁၅၁) စာအတွက် မိတ်ဆွေတွေနဲ့စုပေါင်းကာ အလှူငွေများကောက်ခံလှူဒါန်းခဲ့ကြောင်းခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။” မီးဘေးအတွက် လှူကြတဲ့အလှူငွေတွေပါ အိမ်ထောင်စု နောက်ဆုံးရထားတဲ့စာရင်း ၁၅၁ စုပါ။ အလှူငွေ စုစုပေါင်း ၁၁ သိန်းတိတိပါရှင့်ပါဝင်လှူဒါန်ကြတဲ့ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓု ပါရှင်”ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aye Thaung