အိမ်ထောင်စု (၁၀၀) စာ ဆန်၊ဆီ အပြင်အခြားလိုအပ်တဲ့ အစားအသောက်ပစ္စည်းများလှူဒါန်းဝေငှခဲ့တဲ့ ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။

တော်လှန်ရေးစတင်ထဲက နေ့စဉ်တိုင်းလိုလို ကိုယ်တိုင်အစားအသောက်တွေချက်ပြုတ်ကာ လမ်းမပေါ်ကပြည်သူတွေကို လိုက်ဝေငှခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဆန္ဒထုတ်ဖော်မှုမှာပါဝင်ကြသူတွေနဲ့ ညဘက် ပတ်ဝန်းကျင်လုံခြုံရေးအတွက် ကင်းစောင့်ကြတဲ့ သူရဲကောင်းတွေအတွက်လည်း လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများလည်း လှူဒါန်းပါဝင်ခဲ့ပါတယ်။

အခုလည်း အခြေအနေတွေမတည်ငြိမ်နေသေးချိန်မှာ အခက်အခဲတွေနဲ့မပြည့်မစုံရင်ဆိုင်နေရရှာတဲ့ အိမ်ထောင်စုတွေကို လိုအပ်တာများလှူဒါန်းခဲ့ပြန်ပါတယ်။အိမ်ထောင်စု (၁၀၀)စာ ဆန်၊ဆီနဲ့အခြားလိုအပ်တဲ့ အစားအသောက်ပစ္စည်းများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Rebecca Win