​ဧပြီ (၁) ရက်နေ့မှာ အကျဉ်းထောင်က လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော် အစ္စဏီ

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အဖြစ်ယနေ့ထိ ပရိသတ်တွေရင်ထဲမှာ ရှိနေသူကတော့ အစ္စဏီပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကလည်းခုချိန်ထိပရိသတ်တွေကြားမှာအောင်မြင်နေဆဲပါ။ 

အစ္စဏီက အမှုကိစ္စတစ်ခုကြောင့်အကျဉ်းထောင်အတွင်းမှာ လပေါင်းများစွာ အကြာကြီး အကျဉ်းကျခံနေရတာလည်း ဖြစ်ပါတယ်။သူရဲ့ပရိသတ်တွေအပါအဝင် အားလုံးကလည်း စိတ်မကောင်းဖြစ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

ဒီနေ့ ဧပြီလ (၁) ရက်နေ့မှာတော့ အစ္စဏီဟာ အကျဉ်းထောင်က လွတ်မြောက်လာပြီဖြစ်ကြောင်း ဂစ်တာကိုနိုင်ဇော်က သူရဲ့အကောင့်လေးမှာ ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။”အစ္စဏီလွတ်မြောက်ပါပြီ အခုလေးတင်သူ့အမေနဲ့သူကိုယ်တိုင်ဖုန်းဆက်ပါတယ် ဘဝကိုအသစ်ကပြန်စပါလို့မှာလိုက်ပါတယ်” စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ဝမ်းသာစရာသတင်းလေးကို ကြည့်ရှုနိုင်စေရန်  ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Naing Zaw