အိမ်ခြေ (၁၃၀) အတွက် စားနပ်ရိက္ခာများကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်

စူးရှထက်ကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင်  ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များ ကိုယ်တိုင်ချက်ပြုတ်ကာလှူဒါန်းခဲ့ပါသေးတယ်။

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးက အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုစားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အိမ်ထောင်စုတွေကို ပြည်သူတွေအားလုံးကအချင်းချင်းပြန်လည်ကူညီကာ လှူဒါန်းမှုတွေပြုလုပ်နေကြတာလည်းတွေ့ရပါတယ်။စူးရှထက်ကလည်း နေ့စဉ်တိုင်းလိုလို အလှူရှင်တွေနဲ့အတူစုပေါင်းကာ နေရာစုံကိုယ်တိုင်လိုက်လှူဒါန်းနေတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း အိမ်ခြေ(၁၃၀) စာအတွက် အစားအသောက်များကို သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်။ပုံလေးတွေကြည့်ပြီး လေးစားအားကျမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

Yuan – Cele Zone

Photo – Zar Chi