ပရဟိတအလုပ်တွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုတည်ထောင်ကာ ကလေးငယ်လေးတွေကို စောင့်ရှေက်ပေးနေတဲ့ ခိုင်းနှင်းဝေကတော့ ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ အခုလိုတော်လှန်ရေး ကာလမှာလည်း ပြည်သူနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ မိသားစုတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။
ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း သူကိုယ်တိုင် ခြိုးခြံ ချွေတာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကို တတ်နိုင်သလောက် လိုအပ်တဲ့ပစ္စည်းများ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းခဲ့ပြန်ပါတယ်။
အလှူပုံရိပ်လေးတွေနဲ့အတူ ” ကိုယ့်အတွက် ခြိုးခြံ ချွေတာ ပြီး ကျမ တတ်နိုင်သလောက်လေးတွေ မျှဝေ လှူဒါန်းဖြစ်ပါတယ်ရှင်….ခက်ခဲနေတဲ့ မိသားစုလေးတွေ လာလှူတဲ့ အချိန်မှာ ပျော်ပြီး မျက်ရည်ကျတာ မြင်ရတော့ စိတ်မကောင်းလဲ ဖြစ်မိပါတယ်..အခက်အခဲတွေကြားက လှုပေးရတဲ့ အတွက် ပိုပြီးလဲ ပီတိဖြစ်မိပါတယ်..ခက်ခဲ လိုအပ်နေတဲ့ သူတွေကို ကျမ တတ်နိုင်သလောက် ဆက်လက် လှူဒါန်းသွားပါဦးမယ်ရှင်..”ဆိုတဲ့စာလေးလည်းဝေမျှခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Yuan – Cele Zone
Photo – Khine Hnin Wai