စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများကိုတတ်နိုင်သလောက်လှူဒါန်းကာ ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးမယ့် နော်ဖောအယ်ထား

တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နော်ဖောအယ်ထားကတော့ ခုလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးနေတာ အားလုံးအမြင်ပါပဲနော်။ 

အခုလည်း အပစ်အခတ်တွေကြားကနေ မိမ်တို့ရဲ့အိုးအိမ်တွေကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့စစ်ဘေးရှောင်တိုင်းရင်းသားများအတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူတို့အတွက်လည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပေးရင်း ကူညီစောင့်ရှေက်မှုတွေပြုလုပ်ပေးမယ့်အကြောင်း ခုလိုသူရဲ့အကောင့်လေးမှာရေးသားဝေမျှလာတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

“ခုချိန်မှာအိုးအိမ်ကိုစွန့်ခွါသွားရတဲ့ စစ်ဘေးရှောင် ကရင် ကချင် နှင့် တိုင်းရင်းသားမောင်နှမများ အတွက်လွန်စွာစိတ်မကောင်းဖြစ်မိပါတယ် အခုတော့ ကျွန်မချစ်ရတဲ့သူတွေအတွက် နှလုံးသားကျိုးပဲ့ကြေမွပြီး ငိုကြွေးမြည်တမ်းရတဲ့အချိန်ကို ရောက်လာခဲ့ပါပြီ မြန်မာပြည်တစ်ခုလုံး ပူဆွေးဝမ်းနည်းနေရချိန်မှာ ဒေသအသီးသီးက အသက်စွန့်ရသူတွေ နဲ့ ဒုက္ခိတဖြစ်ရသူတွေရဲ့ မိသားစုတွေ၊ စစ်ဘေးကိုရှောင်ပုန်းပြေးနေရတဲ့ လူမမယ်ကလေးငယ်တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ့ ပြိုကွဲပျက်စီးသွားတဲ့ မိသားစုတွေရဲ့ ဘဝဟာ သိပ်ကိုခါးသီးလွန်းပါတယ်…နှစ်ပေါင်း (၇၀) လောက်ကြာခဲ့ပြီဖြစ်တဲ့ ဒီခါးသီးမှု နဲ့ ဒုက္ခတွေဟာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ဖို့ ကျွန်မဆုတောင်းနေမိတယ် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ဆက်သွယ်လှူဒါန်းကူညီစောင့်ရှောက်သွားမှာမို့ လှူဒါန်းလို့တဲ့နေရာတွေရှိရင်ပြောပြပေးပါနော် ကိုယ်တိုင်သွားရောက် လှူဒါန်းချင်ပေမဲ့ အခြေအနေအရ သွားလာဖို့ အဆင်မပြေတာမို့ သွားလို့ရတဲ့တနေ့ကျ ရောက်အောင်လာခဲ့ပါ့မယ်လို့ ကတိ ပြုချင်ပါတယ်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးရင်း မြန်မာနိုင်ငံသူနိုင်သားအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Naw Phaw Eh Htar