လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ပြီးနောက် သူမရဲ့အချိုးအစားကျတဲ့ ခန္ဓာကိုယ်လေးကို ငပလီကမ်းခြေထက်မှာ လှစ်ဟပြလိုက်တဲ့ နေခြည်ဦး

Posted on

အမြဲတမ်းပေါ့ပန်းလန်းဆန်းပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ချီချီတစ်ယောက် လက်ရှိမှာတော့ ငပလီကမ်းခြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အစိမ်းရောင်ရေကူးဝတ်စုံလေးနဲ့ သူမရဲ့ ကောက်ကြောင်းအလှတွေဟာ အထင်းသား ပေါ်လွင်နေပြီး ရင်ခုန်ချင်စရာကောင်းလွန်းနေပါတယ်။ အရင်က ကိုယ်အလေးချိန်များခဲ့တဲ့ ခန္ဓာကိုယ်ကနေ အခုဆိုရင် လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ပြီးနောက် ကျစ်လျစ်တဲ့အလှတရားကို ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။

အလှအပရေးရာအကြံပေးသူတစ်ယောက်အဖြစ်ကနေ လက်ရှိမှာနာမည်ကျော်သရုပ်ဆောင် မင်းသမီးတစ်ဦးအဖြစ်နဲ့ ရပ်တည်နိုင်တဲ့အထိ သူမကကြိုးစားခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို လည်း တည်ထောင်ခဲ့ပြန်ပါသေးတယ်။ သူမကိုချစ်ခင်တဲ့ပရိသတ်တွေထဲမှာ မိန်းကလေးတွေ အများစုပါဝင်နေပြီး မိန်းကလေးတွေရဲ့အချစ်တော်လေး တစ်ယောက်ဆိုလည်း မမှားပါဘူး။

စကားပြောပွင့်လင်းပြီး သွက်လက်တဲ့အမူအရာလေးတွေက သူမရဲ့ဆွဲဆောင်မှုအရှိဆုံး အချက်တွေထဲမှာ အပါအဝင်ပေါ့။ လက်ရှိမှာလည်း ငပလီကမ်းခြေကိုရောက်ရှိနေပြီး ပိတ်ရက်မှာ ပျော်ပျော်ကြီးအနားယူနေတဲ့ ချီချီ့ရဲ့ကမ်းခြေရောက် ပုံရိပ်တွေကို Cele Zone ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Nay Chi Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ေလ့က်င့္ခန္းအျပင္းအထန္ျပဳလုပ္ျပီးေနာက္ သူမရဲ႕အခ်ိဳးအစားက်တဲ့ ခႏၶာကိုယ္ေလးကို ငပလီကမ္းေျခထက္မွာ လွစ္ဟျပလိုက္တဲ့ ေနျခည္ဦး ”

အျမဲတမ္းေပါ့ပန္းလန္းဆန္းျပီး လြတ္လြတ္လပ္လပ္ေနတတ္တဲ့ခ်ီခ်ီတစ္ေယာက္ လက္ရွိမွာေတာ့ ငပလီကမ္းေျခကိုေရာက္ရွိ ေနတာပဲျဖစ္ပါတယ္။ အစိမ္းေရာင္ေရကူးဝတ္စံုေလးနဲ႔ သူမရဲ႕ ေကာက္ေၾကာင္းအလွေတြဟာ အထင္းသားေပၚလြင္ေနျပီး ရင္ခုန္ခ်င္စရာေကာင္းလြန္းေနပါတယ္။ အရင္က ကိုယ္အေလးခ်ိန္မ်ားခဲ့တဲ့ ခႏၶာကိုယ္ကေန အခုဆိုရင္ေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္ျပီးေနာက္ က်စ္လ်စ္တဲ့အလွတရားကို ပိုင္ဆိုင္သြားခဲ့ျပီပဲျဖစ္ပါတယ္။

အလွအပေရးရာအၾကံေပးသူတစ္ေယာက္အျဖစ္ကေန လက္ရွိမွာနာမည္ေက်ာ္သရုပ္ေဆာင္ မင္းသမီးတစ္ဦးအျဖစ္နဲ႔ ရပ္တည္ႏိုင္တဲ့အထိ သူမကၾကိဳးစားခဲ့ျပီး ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုကို လည္း တည္ေထာင္ခဲ့ျပန္ပါေသးတယ္။ သူမကို ခ်စ္ခင္တဲ့ပရိသတ္ေတြထဲမွာ မိန္းကေလးေတြ အမ်ားစုပါဝင္ေနျပီး မိန္းကေလးေတြရဲ႕ အခ်စ္ေတာ္ေလးတစ္ေယာက္ ဆိုလည္း မမွားပါဘူး။

စကားေျပာပြင့္လင္းျပီး သြက္လက္တဲ့အမူအရာေလးေတြက သူမရဲ႕ဆြဲေဆာင္မႈအရွိဆံုး အခ်က္ေတြထဲမွာ အပါအဝင္ေပါ့။ လက္ရွိမွာလည္း ငပလီကမ္းေျခကိုေရာက္ရွိေနျပီး ပိတ္ရက္မွာ ေပ်ာ္ေပ်ာ္ၾကီးအနားယူေနတဲ့ ခ်ီခ်ီ႕ရဲ႕ကမ္းေျခေရာက္ ပံုရိပ္ေတြ ကို Cele Zone ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးလိုက္တယ္ေနာ္။

Photo – Nay Chi Oo
Happy – Cele Zone