မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မိသားစုများကို လိုအပ်တာများသွားရောက်လှူတန်းခဲ့တဲ့ မအေးသောင်း

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ မအေးသောင်းကတော့ ခုမြန်မာနိုင်ငံမှာ လတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှသတင်းတွေအပြင် လိုက်နာကျင့်သုံးရမယ့် အရေးကြီးအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာပါ။

သူကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာရင်ထဲက ဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ခြေ ၈၀ ကျော် မိသားစုများကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနဲ့အစားအသောက်များ အလှူငွေများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

အလှူပုံလေးတွေနဲ့အတူ ” ၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင်အိမ်ခြေ အိမ်ထောင်စု ၇၀ကျော် ၈၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင် ဒီနေ့ အိမ်ထောင်စုများအတွက် ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည်တို့ နှင့်အတူ တစ်အိမ်ထောင်စုလျှင် အလှူငွေ ၂၀၀၀၀ ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။  အစစအရာရာစီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်ဒီနေ့နေ့လည် ၁ နာရီမှာလည်း မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ မိန်းကလေးတစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့်။”ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aye Thaung