ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူအတန်းတွေပြုလုပ်ကာ အမျှဝေဆုတောင်းပေးခဲ့တဲ့ မေလသံစဉ်

မေလကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေနဲ့ ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများအတွက်လည်း ကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးခဲ့ပါသေးတယ်။

ခုလိုတော်လှန်ရေးကာလကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လိုအပ်တာမှန်သမျှကို ရရာနေရာကနေ တတ်နိုင်သလောက်ပါဝင်ကူညီရင်း လှူးဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာပါ ။ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများလှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးကာ တိုက်ပွဲဝင်သွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအားလုံးကို ရည်စူးပြီး အလှူအတန်းကောင်းမှုကုသိုလ်တွေပြုလုပ်ကာ အမျှဝေဆုတောင်းပေးခြင်းတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” တပေါင်းလပြည့်နေ့အလှူ အခုနောက်ပိုင်း ကုသိုလ်တခုပြုပြီးတိုင်း အမျှဝေတဲ့အခါ ကိုးကွယ်တဲ့ဘာသာတူတူ မတူတူ ခံယူချက်တူတဲ့ ကျဆုံးသွားသော အစ်ကို အစ်မ မောင်လေး ညီမလေးတွေကိုပါ လေးလေးနက်နက် အမျှပေးဝေ ဆုတောင်းပေးဖြစ်ပါတယ် “ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ကောင်းရာသုဂတိလားပါစေဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – MayLa Melody