လူနာတင်ဖို့ ကားအဆင်မပြေဖြစ်နေတဲ့အသင်းကို ကားတစ်စီးလှူရန်အတွက် သူအရင် (၁၀)သိန်းကျပ် မတည်ငွေထည့်လိုက်တဲ့ မအေးသောင်း

တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကောင်းလာတဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ နိုင်ငံတကာရဲ့သတင်းတွေထိ ပြန့်နှံနေခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်းတစ်ရက်မှ လက်မလျော့ဘဲ ရရာနေရာတွေကနေ ယုံကြည်ချက်တွေအတွက် ရင်ထဲကဆန္ဒတွေကို ညီညီညွတ်ညွတ်ထုတ်ဖော်လျက်ရှိနေဆဲပါ။

​ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း အင်တိုက်အားတိုက် ပါဝင်ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် မအေးသောင်းလည်း အပါအဝင်ပါပဲ  ။မအေးသောင်းက ဖေဖော်ဝါရီလအစထဲက ပြည်သူလူထုနဲ့အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးသတင်းတွေကိုလည်း သူမရဲ့အကောင့်မှာ အချိန်နဲ့တစ်ပြေးညီဖော်ပြလျက်ရှိပါတယ်။အခုလည်း လူနာများတင်ဖို့အတွက် ကားအဆင်မပြေဖြစ်နေတဲ့အသင်းကို ကားတစ်စီးလှူဒါန်းရန် သူကိုယ်တိုင် (၁၀) ကျပ်မတည်လှူဒါန်းရင်း လိုအပ်တဲ့ငွေများကိုလည်း သူရဲ့အကောင့်လေးမှာခုလိုရေးသားကာ အလှူခံလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။” ကယ်ဆယ်ရေးအဖွဲ့အတွက်တတ်နိုင်သလောက် လိုအပ်တာလေးတွေ လှူဖြစ်ပေမဲ့ အခုလူနာတွေတင်ဖို့ခေါ်ဖို့အတွက် ကားအဆင်မပြေတဲ့အသင်းကိုလှူချင်လို့ပါ။ ကားလေးတစ်စီးလှူဖို့ကျတော့တစ်ယောက်တည်းမတတ်နိုင်လို့အလှူခံပါတယ်။ ကျမ ကိုယ်တိုင် ၁၀ သိန်းကျပ်မတည်ပြီး အလှူငွေလည်းလက်ခံပါ့မယ်။  အားနာနာနဲ့ပဲဒီတခါတော့အလှူခံပါရစေရှင့် Chat box မှတဆင့်ဆက်သွယ်ပေးပါရှင့် “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aye Thaung