လှိုင်သာယာက စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် အစားအသောက်များလှူဒါန်းရန်ပြင်ဆင်နေတဲ့ နေဒွေးရဲ့ဗီဒီယိုဖိုင်

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ နေဒွေးကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းလျက်ရှိပါတယ်။

ခုလိုအစစအရာရာဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့အနုပညာရှင်တွေရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

အခုဆိုရင် တစ်ချို့မြို့နယ်တွေမှာ အတားအဆီးတွေအပြည့်နဲ့ ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေရှိနေတာကြောင့် ပြည်သူတစ်ချို့ဟာ စားဝတ်နေရေး အဆင်မပြေမှုတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်စုပေါင်းလှူဒါန်းမှုတွေပြုလုပ်ပေးလျက်ရှိတာလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း နေဒွေးက လှိုင်သာယာက စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် ဆန်အပြင် အခြားအစားအသောက်များကိုသွားရောက်လှူဒါန်းရန် ပြင်ဆင်လျက်ရှိကြောင်းဗီဒီယိုလေးကိုဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Nay Dway