တန်ဆောင်တိုင်ပိတ်ရက်မှာ ဖိုးဖိုးဖွားဖွားနဲ့ ဖေဖေမေမေတို့ကို ကန်တော့ခဲ့တဲ့ အာဇာနည်ရဲ့သားလေးနှစ်ယောက်

Posted on

ပျော်စရာမိသားစုဘဝလေးမှာ သားလေးနှစ်ယောက်နဲ့အတူတူ ကြည်နူးမှုတွေကိုဖန်တီးထားတဲ့ ဖေဖေအာဇာနည် ကတော့ သားလေးနှစ်ယောက်ရဲ့သိတတ်မှုကြောင့် ပီတိဖြစ်နေခဲ့ပါတယ်။ တန်ဆောင်တိုင်ပိတ်ရက်တွေမှာဆိုရင် လူကြီးမိဘတွေကိုကန်တော့ကြတဲ့ အလေ့အထဟာ မြန်မာလူမျိုးတို့ရဲ့ချစ်စရာဓလေ့မို့ ဖစ်ဖစ်နဲ့ ချစ်ချစ်တို့နှစ်ယောက် သားလဲ ဖိုးဖိုးဖွားဖွားနဲ့အတူ ဖေဖေမေမေတို့ကိုပါ ကန်တော့ခဲ့ကြပါတာဖြစ်ပါတယ်။

အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး အခုဆိုရင် သွန်သင်ဆုံးမတာလည်း တော်တဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ဖေဖေအာဇာနည်ကတော့ သားလေးနှစ်ယောက်အတွက် ကြည်နူးမဆုံးပါပဲ။ ရော့ခ်သီချင်းတွေဆိုတဲ့ ရော်ကာကြီးတစ်ယောက်ပေမယ့် သားလေးတွေနဲ့ကျတော့ အပြုံးတွေကနူးညံ့နေတာ ဖခင်မေတ္တာပဲပေါ့နော်။

သားလေးနှစ်ယောက်ရဲ့ ဂါရဝပြုနေတဲ့ ဗီဒီယိုလးကို ” ဒီနှစ်တန်ဆောင်တိုင် ပိတ်ရက်မှာ သားဖစ်ဖစ် ချစ်ချစ် တို့ ဖိုးဖိုးဖွားဖွား နဲ့ ပါပါးမာမားတို့ကိုကန်တော့ပါတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဖေဖေမေမေတို့ရဲ့ အချစ်လေးတွေ တင်မကပဲ ပရိသတ်တွေရဲ့အသည်းကျော်လေးတွေဖြစ်တဲ့ ချစ်စရာ ဖစ်ဖစ်နဲ့ ချစ်ချစ်တို့ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေး လိုက်တယ်နော်။

Photo – Zarni Myonyunt
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Zarni Myonyunt
Happy – Cele Zone