ကျောင်းပိတ်ရက်မြန်မာပြည်ရောက်တုန်း သားလေးနဲ့တူတူရေကစားနေတဲ့ မေမေယွန်းဝတီလွင်မိုး
Posted on
ကျောင်းပိတ်ရက်မှာသားလေးနဲ့အတူတူအချိန်တွေကုန်ဆုံးဖို့ အိမ်ပြန်လာတဲ့ မေမေယွန်းဝတီ ကတေ့ာ သားလေးနဲ့ အတူတူရေကန်ထဲမှာ ရေကစားနေတဲ့ပုံရိပ်လေးကို လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ မေမေနဲ့သားသားကတော့ ရေကန်ထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့နေတဲ့ပုံရိပ်လေးက ကြည်နူးစရာပါပဲ။
နိုင်ငံခြားမှာကျောင်းသွားတက်နေရတာမို့ သားလေးကို ဖိုးဖိုးဖွားဖွားတွေနဲ့အတူတူထားခဲ့ရပေမယ့် အခုလိုကျောင်းပိတ်ရက် တွေမှာတော့ ဖေဖေမေမေတို့က သားလေးဆီကိုအပြေးလေးလာပြီး မိသားစုသိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင် ရှိ နေပုံလေးက တကယ်ကိုကြည်နူးစရာပါ။ ချစ်စရာ Liam လေးကလည်း ဖေဖေမေမေတို့ပြန်လာတော့ အရမ်းကိုပျော်နေပုံပါ ပဲ။
တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး အရမ်းကိုလည်နေပြီဖြစ်တဲ့ Liam လေးကို ပရိသတ်တွေကလည်း အရမ်းကိုချစ်ကြပါ တယ်။ ဖေဖေလွင်မိုးပြီးတော့ သမီးလေးယွန်းဝတီ ဒီနောက်မှာတော့ မြေးလေး Liam လေးအထိ အဆက်ဆက်ချစ်လာခဲ့တဲ့ ပရိသတ်တွေရဲ့မေတ္တာကလည်း မသေးဘူးနော်။
Photo – Yun Waddy Lwin Moe
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone