မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်မှာ အပြန်အလှန်ချစ်စကားတွေဆိုခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

Posted on

ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ရွှေစုံတွဲလေးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည်နူးစရာစကားလေးတွေဆိုရင်း အားလုံးအားကျအောင် Ro နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခက်အခဲတွေ ဝေဖန်မှုတွေ ကြားထဲက မြဲမြဲခိုင်အောင် တွဲထားတဲ့ လက်ကလေးတွေဟာ တစ်နှစ်ပြည့်ခဲ့ပြီဆိုတော့ ကြည်နူးစရာလေးပဲပေါ့နော်။ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့နှစ်ယောက်သားကလည်း တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါတယ်။

ခင်ပွန်းဖြစ်သူကစပြီး ” ချစ်လှစွာသော ချစ်ဇနီးလေးရေ ဘာတွေပဲဖြစ်ဖြစ် ယောင်္ကျားအနားမှာ အမြဲတမ်းရှိနေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် တစ်နှစ်သာပြည့်သွားတယ် အချိန်ဟာ ခဏလေးလိုပဲ ခုထိချစ်မဝ လျှံကျပြီးချော်လဲနေကြ တုန်းနော် ယောကျာ်းထက်လူကြီးဆန်တယ်… ယောကျာ်ထက်ခွင့်လွှတ်တတ်တယ် ယောကျာ်ထက်မေတ္တာထား တတ်တဲ့မိန်းမကို လေးစားလျက်ပါ တစ်ခါတစ်လေ ယောကျာ်းအပေါ်ပလိန်းကြီးရှာတဲ့ ပြသနာများကိုလည်း ဆက်ပြီး ဖြေရှင်းချင်နေတုန်းပါခင်ဗျာ ဒီဓာတ်ပုံလေးတွေထက်ပိုတဲ့ အမှတ်တရတွေအများကြီးကို ခရီးတွေတူတူထွက်ရင်း ဆက်ဖန်တီးကြမယ်နော် ရေးမယ်ဆို အချစ်စာတွေက ၃၆၉ သိန်း လောက်ရှိတာမို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော် Happy 1 Year Anniversary ” လို့ Ro ဆန်ဆန်လေးပြောခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဇနီးဖြစ်သူကလည်း ” 11.11.19 လွန်ခဲ့သော. တစ်နှစ်ကနေစ ဒီနေ့ထိ မိန်း ပါးကြောင့် ပျော်ခဲ့ရတာ များခဲ့တယ်ဆိုတာတော့သေချာတယ် နောက်နှစ်ပေါင်း များစွာထိအောင်. မိန်းမကို အမြဲပျော်ရွှင်နေအောင်ပိုချစ်ပေးပါ ဘာကြောင့်လဲဆိုတော့ ပါးအချစ်ကပဲ မိန်းကိုအမြဲ ပျော်ရွှင်စေတယ် အရာဝတ္ထုတွေက မိန်းကိုနာရီပိုင်းပဲ ပျော်ရွှင်စေလို့ ပိုက်ဆံအကုန်ခံပြီး မဝယ်ယူပါနဲ့နော် အချစ်ခံရတာ. ဘယ်လောက်ပျော်ရွှင်ဖို့ကောင်းတယ်ဆိုတာ. မိန်းအသိဆုံးမို့
မလိုအပ်တာတွေမလုပ်ပဲ. မိန်းကိုပိုချစ်ပေးနော် Happy anniversary papa ” ဆိုပြီး ကြည်နူးစရာစကားလေးဆိုခဲ့တာပဲဖြစ်ပါ တယ်။ ပျော်ရွှင်စရာနှစ်ပတ်လည်နေ့လေးပါ ရွှေလေးတို့ရေ။

Photo – Htoo Khant / Shwe Hmone Yati
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” မဂၤလာသက္တမ္းတစ္ႏွစ္ျပည့္မွာ အျပန္အလွန္ခ်စ္စကားေတြဆိုခဲ့ၾကတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီ ”

ပရိသတ္ေတြခ်စ္ခင္အားေပးၾကတဲ့ေ႐ႊစုံတြဲေလးရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည္ႏူးစရာ စကားေလးေတြဆိုရင္း အားလုံးအားက်ေအာင္ Ro ေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အခက္အခဲေတြ ေဝဖန္မႈေတြၾကားထဲက ၿမဲၿမဲခိုင္ေအာင္ တြဲထားတဲ့ လက္ကေလးေတြဟာ တစ္ႏွစ္ျပည့္ခဲ့ၿပီဆိုေတာ့ ၾကည္ႏူးစရာေလးပဲေပါ့ေနာ္။ ေနနဲ႔လ ေ႐ႊနဲ႔ျမ လိုက္ဖက္တဲ့ႏွစ္ေယာက္သားကလည္း တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ၾကပါတယ္။

ခင္ပြန္းျဖစ္သူကစၿပီး ” ခ်စ္လွစြာေသာ ခ်စ္ဇနီးေလးေရ ဘာေတြပဲျဖစ္ျဖစ္ ေယာက်ၤားအနားမွာ အၿမဲတမ္းရွိေနေပးလို႔ေက်းဇူး အမ်ားႀကီးတင္ပါတယ္ တစ္ႏွစ္သာျပည့္သြားတယ္ အခ်ိန္ဟာ ခဏေလးလိုပဲ ခုထိခ်စ္မဝ လွ်ံက်ၿပီးေခ်ာ္လဲေနၾကတုန္းေနာ္ ေယာက်ာ္းထက္လူႀကီးဆန္တယ္… ေယာက်ာ္ထက္ခြင့္လႊတ္တတ္တယ္ ေယာက်ာ္ထက္ေမတၱာထားတတ္တဲ့မိန္းမကို ေလးစားလ်က္ပါ တစ္ခါတစ္ေလ ေယာက်ာ္းအေပၚပလိန္းႀကီးရွာတဲ့ ျပသနာမ်ားကိုလည္း ဆက္ၿပီးေျဖရွင္းခ်င္ေနတုန္းပါခင္ဗ်ာ ဒီဓာတ္ပုံေလးေတြထက္ပိုတဲ့ အမွတ္တရေတြအမ်ားႀကီးကို ခရီးေတြတူတူထြက္ရင္း ဆက္ဖန္တီးၾကမယ္ေနာ္ ေရးမယ္ဆို အခ်စ္စာေတြက ၃၆၉ သိန္း ေလာက္ရွိတာမို႔ ဒီမွာပဲ ရပ္လိုက္ေတာ့မယ္ေနာ္ Happy 1 Year Anniversary ” လို႔ Ro ဆန္ဆန္ေလးေျပာခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဇနီးျဖစ္သူကလည္း ” 11.11.19 လြန္ခဲ့ေသာ. တစ္ႏွစ္ကေနစ ဒီေန႔ထိ မိန္း ပါးေၾကာင့္ ေပ်ာ္ခဲ့ရတာမ်ား ခဲ့တယ္ဆိုတာေတာ့ေသခ်ာတယ္ ေနာက္ႏွစ္ေပါင္း မ်ားစြာထိေအာင္. မိန္းမကို အၿမဲေပ်ာ္႐ႊင္ေနေအာင္ပိုခ်စ္ေပးပါ ဘာေၾကာင့္ လဲဆိုေတာ့ ပါးအခ်စ္ကပဲ မိန္းကိုအၿမဲ ေပ်ာ္႐ႊင္ေစတယ္ အရာဝတၳဳေတြက မိန္းကိုနာရီပိုင္းပဲ ေပ်ာ္႐ႊင္ေစလို႔ ပိုက္ဆံအကုန္ခံၿပီး မဝယ္ယူပါနဲ႔ေနာ္ အခ်စ္ခံရတာ. ဘယ္ေလာက္ေပ်ာ္႐ႊင္ဖို႔ေကာင္းတယ္ဆိုတာ. မိန္းအသိဆုံးမို႔ မလိုအပ္တာေတြမလုပ္ပဲ မိန္းကိုပိုခ်စ္ေပးေနာ္ Happy anniversary papa ” ဆိုၿပီး ၾကည္ႏူးစရာစကားေလးဆိုခဲ့တာပဲျဖစ္ပါတယ္။ ေပ်ာ္႐ႊင္စရာႏွစ္ပတ္ လည္ေန႔ေလးပါ ေ႐ႊေလးတို႔ေရ။

Photo – Htoo Khant / Shwe Hmone Yati
Happy – Cele Zone