ဘုရားလည်းအတူတက်သလို Bar လည်း အတူသွားနိုင်ကြတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦး

Posted on

ကြည်နူးစရာကောင်းတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့” မနဲ့မောင် ” ဇာတ်လမ်းလေးဟာ ပရိသတ်တိုင်းကို သဘောကျစေခဲ့ တာတော့အမှန်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြပြီး နားလည်မှုအပြည့်နဲ့လက်တွဲထားခဲ့ကြတာပဲဖြစ်ပါ တယ်။ နှစ်ယောက်အတူ ခရီးတွေလည်းသွားကြပြီး ပျော်စရာကောင်းတဲ့အချစ်ရေးလေးကို အတူတူတည်ဆောက်ထားကြ တာ ပဲဖြစ်ပါတယ်။

နှစ်ယောက်သားကရှေ့သွားနောက်လိုက်ညီကြပြီး တစ်ယောက်အကြိုက်ကိုလည်း တစ်ယောက်ကနားလည်ကာ ပွဲတွေ လည်းအတူတူတက်ခဲ့ကြတာအများအပြားပါပဲ။ သားဂန်းတစ်ယောက် ဘေဘီ့ကိုသိပ်ချစ်ပြီး အရမ်းကိုဖူးဖူးမှုတ်ထားခဲ့တာ ပဲဖြစ်ပါတယ်။ ချစ်သူလေးကို အမြဲတမ်းပွဲထုတ်တတ်တဲ့ သားဂန်းကတော့ အခုလည်းနှစ်ယောက်တွဲပုံလေးကို ဝေမျှ လိုက်ပြန်ပါပြီ။

နှစ်ယောက်အတူဘုရားတွေလည်းအတူတူဖူးသလို Bar လည်းအတူတူတက်ပြီး သောက်ကြတဲ့ လိုက်ဖက်ညီတဲ့ကြည်နူး စရာပုံရိပ်လေးကိုဝေမျှလိုက်တာပဲဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့စုံတွဲဆိုတာ တစ်ယောက်က ခြေတစ်လှမ်းလှမ်းလိုက် တာနဲ့ နောက်တစ်ယောက်ကပါ ထပ်ကြပ်မခွာလိုက်ခဲ့တာမျိုးပေါ့နော်။ ပရိသတ်ကြီးမှာရော ဒီလိုချစ်သူမျိုးရှိပြီလား။

Photo – Thar Gan
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Thar Gan
Happy – Cele Zone