တိုက်ပွဲမှာ ကြွေလွင့်သွားရတဲ့ သူရဲကောင်းလေးတွေကိုယ်စီရဲ့အိမ်ထိသွားရောက်ကာ အားပေးနှစ်သိမ့်ရင်း ကူငွေများစွာလှူခဲ့တဲ့ နန်းဆုရတီစိုး

ခုဆိုရင် ဆန္ဒဖော်ထုတ်ပွဲကြီးဟာ အင်အားကောင်းလာသလို အပစ်အခက်တွေကြားထဲမှာ လူငယ်တွေဟာ ရဲရဲဝင့်ဝင့် နောက်မဆုတ်ဘဲ ပြန်လည်ခုခံရင်း ဆန္ဒထုတ်ဖော်လျက်ရှိသလို ပြည်သူအချင်းချင်းကလည်း လိုအပ်တာတွေ ကူညီအားဖြည့်လျက်ရှိတာတွေ့ရပါတယ်။တိုက်ပွဲဝင်ရင်းကြွေလွင့်ခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာလည်း စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုအပါအဝင် အနုပညာရှင်များစွာကလည်း ကျန်ရစ်သူမိသားစုတွေထံကို ကိုယ်တိုင်သွားရောက်ကာ နှစ်သိမ့်ပေးနေကြသလို တတ်နိုင်သလောက်ကူညီမှုတွေပြုနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း နန်းဆုတစ်ယောက်သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး ကြွေလွင့်သွားရတဲ့ သူရဲကောင်းလေးတွေရဲ့အိမ်ထိသွားရောက်ကာ အားပေးနှစ်သိမ်းရင်း ကူငွေတွေများစွာလှူဒါန်းဖြစ်ခဲ့ကြောင်းပုံလေးတွေနဲ့အတူ ” နန်းဆုတို့သူငယ်ချင်းတွေ နဲ့ တခြားအလှူရှင်တွေစုလှူတဲ့ နာရေးအတွက်ကူငွေ များကို ဒီနေ့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူငွေပေးအပ်ခဲ့ပါတယ် တရက်အတွင်းအလှူ အားလုံးပေါင်း စုစုပေါင်း ၁၀၅ သိန်း ရရှိပါတယ် နန်းဆုကတော့ တတ်အားသလောက်လေး ၁၀သိန်းပါဝင်ပါတယ်ရှင် ဒီနေ့မှာ လှော်ကား က မောင်လေး ညီညီအောင်ထက်နိုင်ရဲ့ နာရေးအတွက် ၁၁ သိန်း, တောင်ဒဂုံက ကိုဟိန်းထွဋ်အောင်ရဲ့ နာရေးအတွက် ၁၂ သိန်း , လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် ၁၁ သိန်း ကို ကိုယ်တိုင်သွားရောက်ပေးအပ် အားပေးစကားပြောပြီး , ကျိုက်ထိုမြို့မှ မောင်လေး ဇင်လင်းထက်ရဲ့နာရေးအတွက် ၁၅ သိန်း ကိုတော့ငွေလွှဲမှ တစ်ဆင့်ကူညီပေးအပ်ခဲ့ပါတယ် နောက်ရက်တွေမှာ တခြားသူများကို ဆက်သွယ်ကူညီပေးအပ်သွားပါ့မယ်ရှင့် ပါဝင်ကုသိုလ်ယူကြသော အလှူရှင်များနှင့် သူငယ်ချင်းများအားလုံးကို လေးစားဂုဏ်ယူကျေးဇူးတင်ပါတယ် အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းပြည်သူများအားလုံးကို လေးစားဂုဏ်ယူဦးညွှတ်ပါတယ် ကျန်ရစ်သူမိသားစုများကို နန်းဆုတို့ တတ်နိုင်တဲ့ဖက်ကနေ ဆက်စောင့်ရှောက်ကူညီသွားပါ့မယ်ရှင့်”ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Nansu Yati Soe

error: Content is protected !!