လူငယ်တွေ အနာဂါတ်အတွက် တစ်ထောင့်တစ်နေရာကနေပြည်သူလူထုနဲ့အတူ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ သက်မွန်မြင့်

သက်မွန်မြင့်ကတော့ ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် နာမည်ရအောင်မြင်နေတဲ့ သက်မွန်မြင့်က အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ 

သက်မွန်က လက်ရှိအခြေအနေတွေမှာဆိုရင် အများနည်းတူ တစ်သွေးတည်း၊တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ မမောမပန်းနိုင်အောင် တစ်ထောင့်တစ်နေရာကနေ အားတက်သရော ပါဝင်နေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်နော်။

အခုလည်း သနပ်ခါးကမ်ပိန်းလေးမှာ ပါဝင်ခဲ့ပြီး လူငယ်တွေအနာဂါတ်အတွက် တစ်ထောင့်တစ်နေရာကနေ ရဲရဲဝင့်ဝင့်ပါဝင်အားဖြည့်ကာ ဆန္ဒထုတ်ဖော်ခဲ့တာလည်းတွေ့ရပါတယ်။ ပုံလေးတွေကြည့်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Thet Mon Myint