ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုအတွက် တတ်နိုင်တဲ့ဘက်ကနေ အစားအသောက်များစွာလှူဒါန်းခဲ့ပြန်တဲ့ ဝတ်မှုန်ရွှေရည်

ကစ်ကစ်လို့ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး ။

ကစ်က လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်းကစ်တစ်ယောက် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုတွေကို အစားအသောက်များစွာ ထပ်မံလှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” ပြည်သူတွေနဲ့ အတူ ဒီနေ့ အတူတကွ ရှိခဲ့ပါတယ်…ပြည်သူတွေ လိုလားတောင်းတသော၊ မြန်မာနိုင်ငံအတွက်မှန်ကန်သော ဒီမိုကရေစီအမြန်ဆုံးရရှိပါစေ။အဖမ်းဆီးခံခေါင်းဆောင်များလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။”ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Wutt Mhone Shwe Yi