မြန်မာစာအဓိကဘာသာရပ်နဲ့ ဘွဲ့ရသွားပြီဖြစ်တဲ့ ပြည်သူချစ်အပြုံးပိုင်ရှင်လေး စိုးပြည့်သဇင်

Posted on

နာမည်ကျော်မင်းသမီးလေးယောက်ထဲက ချစ်စရာအကောင်းဆုံးအငယ်ဆုံးလေး စိုးပြည့်ကတော့ ပြီးခဲ့တဲ့ 8.10.2019 မှာပဲ မြန်မာစာအဓိကဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ယူနေခဲ့တဲ့ သူမရဲ့အောင်မြင်မှုပုံရိပ်လေးကို လူမှုကွန်ယက်မှာဝေမျှလိုက် တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးကတော့ ပညာမှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ စိုက်ထူ နိုင်ခဲ့ပါပြီ။

အမဖြစ်သူသုံးယောက်နဲ့အတူတူ ” မင်းသမီး ” ပိုးထည်တိုက်ကိုလည်းဖွင့်လှစ်ထားပြီး ညီမလေးယောက်အတူတူ စုပေါင်းပြီး စီးပွားရေးလေးတစ်ခုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ဝါသနာပါတဲ့ ဂီတပိုင်းမှာ လည်း သီချင်းခွေလေးတစ်ခွေထွက်ရှိထားခဲ့ပါသေးတယ်။

ဘွဲနှင်းသဘင်ခမ်းမထဲမှာ အရမ်းကိုချစ်စရာကောင်းတဲ့မင်းသမီးလေးကတော့ သူမရဲ့အောင်မြင်မှု အတွက် အရမ်းကိုပျော်ရွှင်နေ တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း စဉ်ဆက်မပြတ် လုပ်နေပြီး ပညာရေးဖက်မှာလည်းမလစ်ဟင်းခဲ့ကာ အခုဆို ရင်တော့ ပညာဆုံးခန်းတိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့မင်းသမီးလေးရဲ့ ကြည်နူးပျော်ရွှင်မှုတွေကို ပရိသတ်ကြီး လည်း ထပ်တူခံစားနိုင်အောင် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Soe Pyae Thazin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Soe Pyae Thazin
Happy – Cele Zone