ယုံကြည်ချက်တွေအတွက် လမ်းမပေါ်ထွက်ဆန္ဒပြနေတဲ့ပြည်သူတွေကို ချစ်တီးထမင်းစတုဒီသာကျွေးခဲ့တဲ့ အောင်လေး

ခုချိန်မှာတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ဒါ့အပြင် နိုင်ငံအတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေကို အနုပညာရှင်အများအပြားကလည်း ဝိုင်းဝန်းကာ တတ်နိုင်သလောက် အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့တာကိုလည်း ကြည်နူးစရာတွေ့မြင်ရပါတယ်။

အခုလည်း အောင်လေးဟာ သူငယ်ချင်းတွေနဲ့အတူ ပေါင်းပြီး ယုံကြည်ချက်တွေအတွက် လမ်းမပေါ်ထွက်ဆန္ဒပြနေတဲ့ပြည်သူတွေအစားအသောက်အဆင်ပြေစေရန် ချစ်တီးထမင်းနဲ့အအေးများကို ကိုယ်တိုင်လိုက်ဝေငှပေးခဲ့တာဖြစ်ပါတယ်။ အစစအရာရာ စည်းလုံးပြီးချစ်စရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone, Photo – Cele Gabar