ရန်ကုန်မြို့ရဲ့ သနပ်ခါးကမ်ပိန်းကြီးမှာ ပြည်သူလူထုနဲ့အတူ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ အေးမြတ်သူ

မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။

အေးမြတ်သူက လက်ရှိအခြေအနေတွေမှာဆိုရင် အများနည်းတူ တစ်သွေးတည်း၊တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။လမ်းပေါ်နေ့တိုင်းထွက်ပြီး လူထုလှုပ်ရှားမှုမှာ မမောမပန်းနိုင်အောင် တစ်ထောင့်တစ်နေရာကနေ အားတက်သရော ပါဝင်နေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်နော်။

ဒီနေ့မှာတော့မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူလူထုတွေက ကျားမ မရွေး သနပ်းခါးလိမ်းကာ ဆန္ဒထုတ်ဖော်ရန် သနပ်ခါးကမ်ပိန်းလေးကို ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ပြည်သူတွေကော အနုပညာရှင်တွေကော ပါဝင်ခဲ့ကြတဲ့ ဒီကမ်ပိန်းလေးမှာ အေးမြတ်သူလည်း ပါဝင်ခဲ့ပါတယ်။ သနပ်ခါးလေးကို ဂုဏ်ယူဝင့်ကြွားစွာလိမ်းရင်း အားတက်သရော ဆန္ဒထုတ်ဖော်နေတဲ့ အေးမြတ်သူရဲ့ပုံလေးတွေကို ဝေမျှပေးလိုက်ပါရစေ။

Yuan – Cele Zone, Photo – Cele Gabar