အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။
မေလသံစဉ်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အခုလည်း ဒီနေ့မှာပြုလုပ်တဲ့ သနပ်ခါးသပိတ်ကြီးမှာ သူကိုယ်တိုင် သနပ်ခါးလေးလိမ်းရင်း ပြည်သူတွေနဲ့အတူပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါတယ်။ နေ့စဉ်နဲ့အမျှ အားကြိုးမာန်တက် တစ်ထောင့်တစ်နေရာကနေပါဝင်ပေးနေတဲ့ မေလကို လေးစားမိတာအမှန်ပါပဲ။ ပရိသတ်ကြီးလည်း မေလကို ဂုဏ်ပြုပေးလိုက်ပါအူးနော်။
Yuan – Cele Zone
Photo – Mayla Melody