ပြည်သူတွေစိတ်ခွန်အားတက်ကြွစေရန် တီးဝိုင်းမှာကိုယ်တိုင် ပါဝင်တီးခတ်ကာဖျော်ဖြေပေးရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ထွန်းကိုကိုရဲ့ ဗီဒီယိုဖိုင်


ထွန်းကိုကိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပဲခူးသားဖြစ်တာကြောင့် ပဲခူးကပြည်သူလူထုကိုရှေ့ကဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

အခုလည်း ဆန္ဒပြပြည်သူတွေစိတ်ခွန်အားတက်ကြွစေရန် တီးဝိုင်းမှာကိုယ်တိုင်ပါဝင်တီးခတ်ကာဖျော်ဖြေပေးရင်း ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါသေးတယ်။ မမောမပန်းနိုင်အောင် မျိုးစုံလူထုလှုပ်ရှားမှုမှာ ပါဝင်အားဖြည့်ပေးနေတာတကယ်ကိုလေးစားမိတာကြောင့် ထွန်းကိုကိုရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Yanpaing Tunko