နေပူကြီးထဲမှာ မမောမပန်းနိုင်အောင် ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မေပန်းချီနဲ့ခရစ္စတီးနား

ခုဆိုရင် အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ပြည်သူပရိသတ်တွေအားလုံးရဲ့ဆန္ဒနဲ့အတူ ထပ်တူကြပြီး သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ရဲရဲဝင့်ဝင့် ပါဝင်အားဖြည့်နေကြတဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေကလည်းလေးစားချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

အခုလည်း မေပန်းချီနဲ့ခရစ္စတီးနားတို့နှစ်ယောက်ဟာ ဖမ်းဆီးခံခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးအတွက်မြန်မာပလာဇာရှေ့မှာ ဆိုင်းဘုတ်ကိုင်ဆောင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ဂုဏ်ယူလေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Cele Gabar