ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူကိုရည်စူးပြီး ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ပေးခဲ့တဲ့ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် ကတော့ တစ်ခေတ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာတော့ ဘယ်လိုဇာတ်ကောင်တွေကို မဆို သဘာဝကျကျ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိထားတာ ဖြစ်ပါတယ်။ 

ခင်ဇာခြည်ကျော် ကတော့ ယနေ့အချိန်ထိ ဆယ်ကျော်သက်တွေလို ငယ်ရွယ်နုပျို ချောမောနေပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ချစ်ခင်သူများပေါ်များနေတာ ဖြစ်ပါတယ်။ဒါ့အပြင် ခင်ဇာခြည်ကျော်က မိသားစုကိုလိုလေသေးမရှိအောင်ထားပေးပြီး သူမရဲ့မိခင်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းကမှချစ်ရတဲ့မေမေကွန်လွန်သွားတာကြောင့် ကြေကွဲဝမ်းနည်းနေတာလည်းဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ မေမေ့ကိုရည်စူးပြီး သံဃာတော်များကို ဆွမ်းကျွေးကာ ကောင်းမှုကုသိုလ်များစွာပြုလုပ်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ ” ကွယ်လွန်သူ မိခင်ကြီး ဒေါ်စန်းစန်းဆွေ အသက် (၆၉) နှစ် အတွက် ရည်စူး၍  ၂၄.၂.၂၀၂၁ ရက်လည် ဆွမ်းကျွေး ကုသိုလ် မေ မေ ရေ သမီးတို့ပြုသမျှ ကုသိုလ် ကောင်းမှု့ တို့ကို ရောက်ရာဘုံဘဝ ကနေ သာဓု ခေါ်ပါ နော် အမျှ အမျှ အမျှ ” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khin Zarchi Kyaw