အပြင်ထွက်လာလို့မရရင်လည်း ရောက်တဲ့အရပ်ကနေ အာဏာရှင်ကိုဆန့်ကျင်မယ်လို့ ပြတ်ပြတ်သားသားပြောလာတဲ့ ကိုပေါက်

ဒါရိုက်တာကိုပေါက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။

ကိုပေါက်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း တစ်ထောင့်တစ်နေရာကနေ အားကြိုးမာန်တက်ပါဝင်ကာ လူထုလှုပ်ရှားမှုတွေမျိုးစုံကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အခုချိန်မှာတော့ ကိုပေါက်က စစ်အာဏာရှင်တစ်စုက ဖမ်းဝရမ်းထုတ်ထားတာမို့ ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် အပြင်ထွက်လာလို့မရရင်လည်း ရောက်တဲ့အရပ်ကနေ အာဏာရှင်ကိုဆန့်ကျင်မယ်ဖြစ်ကြောင်းကိုခုလို ပြတ်ပြတ်သားသားရေးသားဖော်ပြခဲ့ပြန်ပါတယ်။” အပြင်ထွက်လာလို့မရရင်လည်း ရောက်ရာအရပ်က အာဏာရှင်ကိုဆန့်ကျင်မယ်။ CDM ကိုအင်အားကျမသွားအောင် ဝန်ထမ်းများကူညီပေးကြပါအရေးတော်ပုံကြီးအောင်တော့မှာပါ။ အားမကုန်စေနဲ့ အားတင်းထား။” ဆိုတဲ့စာလေးပဲဖြစ်ရာ လေးစားမိလွန်းတာကြောင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aung Min Naing