၂၂၂၂၂ ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုကြီးမှာ အားကြိုးမာန်တက် ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြင့်မြတ်

မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောမနောလည်း ကောင်းတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာပါ။ ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။

 

မြင့်မြတ်ကတော့ ခုချိန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေအပါအဝင်ပြည်သူတွေကပါ တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ မြင့်မြတ်အပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလည်း မြင့်မြတ်ဟာ ၂၂၂၂၂ ပြည်လုံးကျွတ်လှုပ်ရှားမှုကြီးကို အားတက်သရော ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူပရိသတ်တွေနဲ့အတူ လမ်းမပေါ်ထွက်ကာ အားကြိုးမာန်တက် သီချင်းတွေဆိုရင်း ဆန္ဒထုတ်ဖော်ခဲ့ရာ ပုံတွေကြည့်ပြီး လေးစားမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ပုံတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Myint Myat