အီတလီသံရုံးအရှေ့မှာ ပြည်သူလူထုနဲ့အတူ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရဲနောင်

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။

အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာလည်းဖြစ်ပါတယ်။ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုလည်း နိုင်ငံတကာက လူတွေ ပိုမိုသတိထားမိနိုင်အောင်  ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ပူးပေါင်းပါ၀င်နေကြတဲ့ ‌သူတွေထဲမှာဆိုရင် ရဲနောင်လည်း အပါအဝင်ပါပဲ။ ရဲနောင်က အီတလီသံရုံးအရှေ့မှာ ပြည်သူလူထုနဲ့အတူ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရဲနောင်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Cele Gabar