ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုတွေ အဆာပြေစားသောက်နိုင်ရန်အတွက် မုန့်နဲ့အအေး အယောက်(၄၀၀၀)စာဝေငှခဲ့တဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရယူထားနိုင်တဲ့ နေခြည်ဦးကတော့ ယုံကြည်မှုတွေအပြည့်နဲ့ အမြဲလန်းဆန်းတက်ကြွနေသူလေးပါနော်။ နာမည်ကျော် Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေနဲ့စတင်ရင်းနှီးခဲ့တဲ့ ချီချီဟာ အခုဆိုရင် နာမည်ကျော်စူပါမင်းသမီးအဖြစ် အောင်မြင်စွာ ရပ်တည်နေပါပြီ။

ချီက လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလည်း လှည်းတန်းမှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေများစွာကို အဆာပြေစားသောက်နိုင်စေရန် မုန့်နဲ့အအေးများစွာကို ကိုယ်တိုင်ဝေငှခဲ့တာဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” လှည်းတန်းက ပြည်သူတွေအတွက်ကြာဇံကြော်ပွဲ (၄၀၀၀) ကျော် ဘဲသားမုန့် (၁၀၀၀) Royal D Hype ရေသန့် ဘူး (၅၀၀၀) ကို ဒီနေ့ သူငယ်ချင်းတွေ စုပြီး လှူဖြစ်ကြပါတယ်။အားလုံးပဲ ဂရုစိုက်ကြပါ။ “ဆိုတဲ့စာလေးပါဝေမျှထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Nay Chi Oo